Home
မြန်မာသတင်း
ခန္တီးခရိုင်၌ အုပ်ချုပ်ရေးမှူးများ ၁၀ ရက်အတွင်း နုတ်ထွက်ကြရန် ခရိုင်ပကဖ ညွှန်ကြား
DVB
·
July 10, 2022
291517624_603561304524677_3739343076117805891_n
291517624_603561304524677_3739343076117805891_n

စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီခရိုင်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ၁၀ ရက်အတွင်း ရာထူးမှ နုတ်ထွက်ပြီး နယ်မြေမှ စွန့်ခွာကြဖို့ ဇူလိုင် ၉ ရက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့က ညွှန်ကြားစာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖယ်ရှားပြီး ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်နဲ့ ခရိုင်အဆင့်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေပြီလို့ ညွှန်ကြားချက်က ဆိုပါတယ်။ 

ခရိုင်ပကဖအနေနဲ့ အခု ထုတ်ပြန်ချက်ဟာ ပထမဆုံး ထုတ်ပြန်ချက်ဖြစ်ပြီး မြို့နယ်ပြောက်ကျား တပ်ဖွဲ့တွေတော့ ထုတ်ခဲ့ဖူးတာရှိတယ်လို့ ဟုမ္မလင်းမြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ထုတ်ပြန်ချက်အပေါ် မလိုက်နာတာ၊ အကြမ်းဖက်မှုမှာ ကူညီတာ၊ လူထုကို နှိပ်စက်တာတွေကို လုပ်ပါက ဥပဒေအရအရေးယူမယ်လို့လည်း တာဝန်ရှိသူက ဆက်ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024