ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ မြေငူကျွန်းအရှေ့ဘက်ခြမ်းကမ်းခြေ သဲခုံကျေးရွာနားမှာ ဇွန် ၈ ရက် မနက်က ကြိုးတုတ်လျက် သေဆုံးတဲ့ အလောင်း ၁ လောင်း တွေ့ရှိရတယ်လို့ ပေါက်တောအုပ်ချုပ်ရေးမှူးဦးဆန်းထွန်းက ပြောပါတယ်။
"အလောင်း ၂ လောင်းမဟုတ်ပါဘူး။ တစ်လောင်းတည်းဖြစ်တယ်လို့ သိရတယ်။အဲဒီအလောင်းတွေ့တဲ့နေရာကို သွားနေကြပါတယ်။ အသတ်ခံရတာက ဘယ်သူလည်းဆိုတာမသိရသေးဘူး။ သိတာနဲ့ဖုန်းပြန်ပြောပေးမယ်။"
ဒေသခံတဦးက “သူတို့က စိုးမဲ့ဂျီကမ်းခြေဘက်က ဂုံးငုတ်တဲ့ သူလို့တော တချို့က ပြောကြတယ်။ အတိအကျ သိရဖို့ကတော့ မလွယ်သေးဘူး” လို့ ပြောပါတယ်။
လူသေအလောင်းတွေ တွေ့ရှိမှုမှာ ပေါက်တောမြို့နယ်ကို စစ်ကောင်စီစစ်ကြောင်း ရောက်ချိန်နဲ့ တိုက်ဆိုင်မှုရှိနေပေမဲ့ ဘယ်သူက ကြိုးတုတ်ပြီး သတ်ပစ်ခဲ့တာကို အတည်မပြုနိုင်သေးဘူးလို့ ကျေးရွာသားတွေ ပြောပါတယ်။