Home
မြန်မာသတင်း
တမူးမြို့ ကညန‌ရုံး မီးလောင်
DVB
·
July 6, 2022
TaMu Ka Nya Na office Fire
TaMu Ka Nya Na office Fire 2
TaMu Ka Nya Na office Fire 3

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့၊ စော်ဘွားကြီး ၅ ရပ်ကွက်၊ အာရှလမ်းမှာရှိတဲ့ တမူးခရိုင် ကညနရုံးမှာ ဇူလိုင် ၅ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တမူး‌မြို့ခံတဦးက “ညနေပိုင်းမှာ မီးကလောင်တာ။ ရှို့မီးပဲဖြစ်နိုင်တယ်။ ရုံးအတွင်းပိုင်းက စလောင်တာ။ တချိန်တည်းမှာ ပစ်ခတ်သံတွေလည်း ထွက်ပေါ်နေတာ။ မီးသတ်ကားတွေ လာရောက် ငြှိမ်းသတ်သွားတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ  ကညနရုံး မီးလောင်မှုနဲ့ပတ်သက်ပြီး PDF အဖွဲ့တွေက ပရိဘောဂ ပစ္စည်းတွေနဲ့ စာရွက်စာတမ်းတွေကို မီးရှို့သွားလို့ မီးလောင်ကျွမ်းခဲ့တာလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းမီဒီယာ‌တွေက ထုတ်ပြန်ပါတယ်။

တမူးမြို့ ကညနရုံး မီးလောင်မှုနဲ့ပတ်သက်ပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ငြင်းဆိုထားပါတယ်။

“မနေ့က တနေကုန် သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ လက်နက်ကြီးကျလို့ မီးလောင်တာလည်း ဖြစ်နိုင်တယ်” လို့ တမူးဒေသခံကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

တမူးခရိုင် မီးသတ်ဦးစီးဌာနကတော့ မီးလောင်တာနဲ့ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှု ကာလတန်ဖိုးကို ခန့်မှန်းစိစစ်တွက်ချက်နေတုန်း ဖြစ်တယ်လို့ ‌ဒေသတွင်း သတင်းရင်းမြစ်တွေကို ပြောဆိုထားပါတယ်။

ဇွန် ၄ ရက်ကလည်း တမူးမြို့ စော်ဘွားအင်းရပ်ကွက်ရှိ ပညာရေးမှူးရုံးမှာ မီးလောင်မှု ဖြစ်ခဲ့ပါသေးတယ်။ လတ်တလော တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024