နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် မြန်မာ့အနုပညာနဲ့ ယဉ်ကျေးမှုပြပွဲကို နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ ဇူလိုင် ၂ ရက်က ဒေသစံတော်ချိန် နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပပါတယ်။
ဒီပြပွဲမှာ ပြည်တွင်းပြည်ပက မြန်မာပန်းချီဆရာတွေရဲ့ ရေဆေးပန်းချီ၊ ဆီဆေးပန်းချီနဲ့ ရိုးရာကျောက်ပန်းချီတွေကို ခင်းကျင်းပြသရောင်းချထားပါတယ်။
မြန်မာ့ရိုးရာ အစားအသောက်တွေလည်း ရောင်းချပေးထားသလို အကတွေ၊ တော်လှန်ရေးတေးသီချင်းတွေနဲ့လည်း သီဆို ဖျော်ဖြေခဲ့ကြပါတယ်။
ပန်းချီကားတွေကိုတော့ အခုပြပွဲမှာသာမက အွန်လိုင်းကနေလည်း ရောင်းချပေးသွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။