Home
မြန်မာသတင်း
သံဖြူဇရပ်- ရေးကားလမ်းတွင် စစ်ကောင်စီတပ်ယာဉ်တန်း ကြားဖြတ် ချုံခိုတိုက်ခိုက်ခံရ
DVB
·
July 2, 2022
289535989_352207940407310_162259494099552678_n

မွန်ပြည်နယ်၊ သံဖြူဇရပ်- ရေးကားလမ်းပေါ်မှာ ကား လေးစီးပါ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို ဇူလိုင် ၁ ရက်မနက်က မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ကြားဖြတ် ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။

သံဖြူဇရပ်မြို့ကနေ ရေးဘက်သို့ မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ကား လေးစီးဟာ အေးကမ္ဘာရွာနဲ့ ဘေးလမိုင်းကြားမှာ ပထမအကြိမ် ဗုံးခွဲတိုက်ခိုက်ခံရပြီး ကား တစီး ပျက်စီးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့  မွန်ပြည်နယ်တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က  ပြောပါတယ်။

ကျန်တဲ့ကား သုံးစီးဟာလည်း ဆက်လက် မောင်းနှင်လာစဉ် အောင်သာယာနဲ့ ကနင်ကမော့ရွာကြားမှာ ထပ်မံချုံခိုပစ်ခတ်တိုက်ခိုက်ခံရကာ စစ်ကောင်စီဘက်က အနည်းဆုံး သုံးယောက် သေပြီးထိခိုက်ဒဏ်ရာရသူတွေမှာလည်း အများပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကို ပစ်ခတ်နေချိန်မှာ ခရီးသွားပြည်သူတွေအနေနဲ့ သတိရှိကြဖို့နဲ့ စစ်ကောင်စီကားနဲ့အတူ ခရီးမသွားလာကြဖို့ မွန်ပြည်နယ်တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

ရေး  - သံဖြူဇရပ် ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ မကြာခဏ ချုံခိုတိုက်ခိုက်ခံရလေ့ရှိတာ ကြောင့် ဘေးပတ်ဝန်းကျင် ရွာတွေမှာ စစ်ကောင်စီဘက်က အန္တရာယ်ပြုလာမှာကို  ကြောက်ရပြီး ပစ်ခတ်မှုတွေ ထပ်မံဖြစ်လာမှာကိုလည်း စိုးရိမ်ရတယ်လို့  ဒေသခံရွာသားတဦးက ပြောပါတယ်။

အဆိုပါဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး  စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024