စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မဟာမိတ်တပ်ပေါင်းစုတွေအကြား ဇွန် ၃၀ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း စကစတပ်သား အယောက် ၂၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေက ဆေးကုသပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြေပြင်တိုက်ပွဲ သတင်းအချက်အလက်တွေအရ သေဆုံး ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သား အယောက် ၃၀ ကျော် လောက် BR အဖွဲ့ကပြောပါတယ်။
Banmauk Revolution-BR အဖွဲ့ တာဝန်ရှိသူ တဦးက “ဗန်းမောက်မြို့နယ်အတွင်း အင်တာနက်လိုင်း ဖုန်းလိုင်းတွေ ဖြတ်ခံထားရတဲ့ကြားက သတင်းမှန်တွေကို ကြိုးစားတင်ပြနေပါတယ်ခင်ဗျာ။ ခြေသံလုံဖို့ ဦးစားပေးထားရတဲ့အတွက် တချို့တချို့သော အချက်အလက်တွေ ပုံတွေကို တင်ပြခြင်းမပြုနိုင်တာကို နားလည်ခွင့်လွတ်ပေးဖို့ တောင်းပန်ပါတယ်ခင်ဗျာ " လို့ ပြောပါတယ်။
ဒဏ်ရာရထားတဲ့ စကစ တပ်သားတွေကို သီလရွာမှာ ကားပေါ်ကို ထမ်းတင်နေကြတယ်လို့ မျက်မြင် တွေ့ရတဲ့ ဒေသခံတွေကလည်း ပြောပါတယ်။