မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဇွန် ၃၀ ရက် နေ့လယ်ပိုင်းက စစ်တပ်ပိုင် ထုတ်ကုန်တွေဖြစ်တဲ့ အရက်၊ ဘီယာနဲ့ ကုန်ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ဆိပ်ဖြူဘာမထီ-PDF တပ်ခွဲမှူး ကိုပိုင်က ဒီဗွီဘီကို ပြောပါတယ်။
ဆိပ်ဖြူ-ဆောလမ်းပိုင်းမှာ ဇွန် ၃၀ ရက်က ဆိပ်ဖြူဘာမထီ-PDF က ကုန်တင်ကားတစီးကို စစ်ဆေးရာ စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ အရက်၊ ဘီယာတွေနဲ့ ပစ္စည်းတွေပါလာလို့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့တပ်ဖွဲ့တွေက ကားသမားတွေကို စစ်တပ်ထုတ်ကုန်တွေ မတင်ဖို့ အကြိမ်ကြိမ် သတိပေးထားပြီးပြီဗျ။ သူတို့ဘက်က လိုက်နာမှုမရှိတာကြောင့် အခုလို ဖျက်ဆီးခဲ့တာ။”
စစ်ကောင်စီတပ်ရဲ့ အဓိက စီးပွားရေးဒေါက်တိုင်တွေဖြစ်သလို အဲဒီကရတဲ့ အကျိုးအမြတ်တွေ၊ အခွန်ငွေတွေနဲ့ ပြည်သူကို ဒုက္ခအမျိုးမျိုးပေးဖို့ လက်နက်တွေ၊ ကျည်ဆန်တွေ ဖြည့်ဆည်းပေးနိုင်အောင် အားပေးရာရောက်လို့ အဲဒီကုန်ပစ္စည်းတွေကို ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
မိဘပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှကို သပိတ်မှောက်ပေးခြင်းနဲ့ ပါဝင်ကူညီပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဆိပ်ဖြူဘာမထီ-PDF အနေနဲ့ ဇွန် ၂၉ ရက်ကလည်း ကုန်တင်ကားတစီးမှာ စစ်ကောင်စီတပ်ရဲ့ ထုတ်ကုန်ပစ္စည်းတွေ တင်ဆောင်လာလို့ အဲဒီပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။