Home
မြန်မာသတင်း
စစ်ကောင်စီတပ် ထိုးစစ်ကြောင့် ဆာလင်းကြီးဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်
DVB
·
June 26, 2022
289860423_5135960783118865_2611716312187910009_n
289743754_5135960766452200_7524237036677044266_n
289597070_5135960756452201_848305418561979417_n
289573811_5135960903118853_1710599019525895460_n

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသကကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးကာ နေအိမ်မီးရှို့ဖျက်ဆီးပြီး ဒေသခံတွေကို ဖမ်းဆီးနေတာကြောင့် ဒေသခံ ထောင်နဲ့ချီပြီး ဇွန်လ ၂၆ ရက်နေ့က နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။ 

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသတဝိုက်အနီးနားမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက ဇွန် ၂၃ ရက်နေ့မှစတင်ပြီး စစ်ကြောင်းထိုးကာ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့တာ၊ ကျေးရွာတွင်းတွေ့ရှိသူတွေကို ဖမ်းဆီး နှိပ်စက်မေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါကြောင့် ညောင်ပင်ကြီးရွာ၊ ဝဲကြီး၊ ဝဲကွဲ၊ တုံ၊ တောကျောင်း၊ ရွာသစ်၊ လယ်တီ၊ ဇီးတော၊ ဆည်တဲ၊ ဖောင်းကာတာ၊ ကျောက်ဖြူတိုင်၊ ထန်းတောကြီး၊ မိုးကြိုးပြင်၊ ဖောင်းကား၊ ဝက်မှေး၊ ခံတော၊ ရွှေလှေ၊ ရွာရှည်၊ ထန်းတော၊ တောင်ပလူ၊ ကျော်ရွာ စတဲ့ရွာတွေက ဒေသခံပြည်သူ ၅ ထောင်လောက် နီးစပ်ရာ မုံရွာမြို့ပေါ်နဲ့ မြို့နယ်တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။  

မုံရွာမြို့နယ် လူထုအနေနဲ့လည်း ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေကြပြီး ဆန်၊ ဆီ၊ ဆေးဝါးထောက်ပံ့မှုတွေတော့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024