Home
မြန်မာသတင်း
ရေစကြိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄ ဦးသေ၊ PDF ၁ ဦးကျဆုံး
DVB
·
June 25, 2022
289103909_156408413630530_6421075377264323626_n

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အောင်သပြေရွာနဲ့ တောင်ဦးရွာကြားမှာ ဇွန်လ ၂၄ ရက် ညနေပိုင်းက စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက ပြောပါတယ်။

မနေ့ညနေ ၄ နာရီလောက်က စစ်ကောင်စီစစ်ကြောင်းနဲ့ ရေစကြို ပ.က.ဖ တို့ အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄ ယောက် အခင်းဖြစ်နေရာမှာ သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကိုပြောပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲအတွင်းမှာ ရေစကြို့ ပ.က.ဖ က ထောက်ပို့ရဲဘော်တယောက် ကျည်ထိမှန်ပြီး တိုင်းပြည်အတွက် အသက်ပေးလှူလိုက်ရတယ်လို့ လည်းပြောပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာလည်း ဇွန် ၂၂ ရက်မနက်ပိုင်းကလည်း စစ်ကောင်စီရဲ့ ဇက်ရေယာဉ်တစီးကို ရေစကြို ပ.က.ဖ အပါဝင် ညီနောင်မဟာမိတ် ၆ ဖွဲ့က ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024