Home
မြန်မာသတင်း
ရေဖြူတွင် မူးယစ်ဆေးရောင်းဝယ်သည့်နေရာအား မြို့နယ်ပကဖနှင့် ပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီး
DVB
·
June 24, 2022
289777108_1058072598418603_8547889315034503770_n

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာအုပ်စု၊ မင်းဒပ်ရွာအနီး မူးယစ်ဆေး ရောင်းဝယ်ဖြန့်ဖြူးနေတဲ့နေရာကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နဲ့ ပူးပေါင်းတပ်ဖွဲ့ ဇင်ယော်တပ်စုတို့က ဇွန် ၂၃ ရက် ညနေ ၃ နာရီလောက်မှာ သွားရောက်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သွားရောက်ရှင်းလင်းရာမှာ WY စိတ်ကြွရူးသွပ်ဆေး ၁,၂၀၀ ပြား၊ အိုက်စ် ၁၆ တောင့် အထုပ် ၃ ထုပ်၊ ဟန်းဖုန်း ၇ လုံး၊ ပုဆိန် ၂ လက်နဲ့ ငွေသား ၉ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြခဲ့ပြီး မူးယစ်ဆေး ရောင်းဝယ်ဖြန့်ဖြူးနေသူတွေကို ဖမ်းဆီးရမိမှု ရှိမရှိကိုတော့ မဖော်ပြထားပါဘူး။

သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ငွေသားတွေကိုတော့ သူတို့အဖွဲ့တွေရဲ့ လက်နက်ဝယ်ယူရေးမှာ အသုံးချသွားမယ်လို့ သိရပါတယ်။

ရေဖြူမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက် လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးတဲ့ ကိစ္စတွေဟာ သိသိသာသာ များပြားလာကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၉ ရက်ကလည်း လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာမှာ မူးယစ်ဆေး ရောင်းဝယ်ဖြန့်ဖြူးနေတဲ့ လင်မယား ၂ ယောက်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့တို့က ပူးပေါင်းရှင်းလင်းခဲ့ကြပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013