Home
မြန်မာသတင်း
ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ဒေသခံ ၁ ဦးဒဏ်ရာရ
DVB
·
June 21, 2022
289476081_1111734826353456_2355791801000227367_n

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ တပ်မဟာ ၅ ၊ ဖာပွန်(မူတြော်)ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ဒေလော်ပူကျေးရွာကို ဇွန် ၁၈ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်က ဝေမှုံတပ်စခန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်  ဒေသခံပြည်သူ တယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

ဖာပွန်မြို့တောင်ဘက် စစ်ကောင်စီရဲ့ဝေမှုံအခြေစိုက်တပ်စခန်းကနေ ဒေလော်ပူကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံကျေးရွာသား ပိုထိုသေရဲ့လယ်တဲအနီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ပိုထိုသေရဲ့ဇနီးဖြစ်သူ ပေါင်ကိုထိမှန်ပြီးဒဏ်ရာရရှိခဲ့တာပါ။

ဇွန် ၁၇ ရက်က စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်ပူးပေါင်းတပ်ဖွဲ့တွေက အများပြည်သူတွေ နေ့စဉ်သွားလာနေတဲ့ ကမာမို(ကမမောင်း)နဲ့ ကတဲတိ(ကတိုင်တိ)ကားလမ်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်တားဆီးလိုက်တဲ့အပြင် ဖြတ်သန်းသွားလာသူတွေကို ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုပါတယ်။

အလားတူ ဇွန် ၁၆ ရက်က အမှတ် ၁၀၁၃ နယ်ခြားစောင့်တပ်ရင်းမှူးမောင်လှကြိုင်က  ကတဲတိ(ကတိုင်တိ)ကျေးရွာအတွင်းကို အပြင်လူတွေ လုံးဝဝင်ထွက်သွားလာတာမပြုလုပ်ဖို့နဲ့ ရွာပြင်ထွက်ခွာတဲ့ ကျေးရွာသူ၊ ကျေးရွာသားတွေကိုတွေ့ရှိ ကြားသိပါက ဒဏ်ငွေ ပေးဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ခြိမ်းခြောက်ထားကြောင်း ကေအန်ယူက သတင်းထုတ်ပြန် ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024