Home
မြန်မာသတင်း
မောင်တောတွင် ဆရာ/ဆရာမများ ကျောင်းတက် မတက် စစ်ဆေး
DVB
·
June 21, 2022
289541486_766421297713599_8084793817579124581_n
289514861_766834941005568_2166431302751992654_n
522033-520489-463900-KaNi-730x365-2-730x365-1-730x365

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ/ဆရာမတွေ ကျောင်းတက်ရောက်တာ ရှိမရှိ ဇွန်လ ၂၁ ရက် ဒီနေ့ စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဆရာ/ဆရာမတွေက ပြောပါတယ်။

"ဟုတ်ပါတယ်။ ကျောင်တက်မတက် စစ်ဆေးရေးလာမယ်လို့ ပညာရေးဌာနက ဖုန်းဆက်လာ တယ်။ ထွေအုပ်နဲ့ ပညာရေးဌာနက အကြီးအကဲတွေလာ စစ်ကြမှာလို့ သိရတယ်” လို့ ဆရာ တဦးက ပြောပါတယ်။

မောင်တောမှာ ပညာရေးဝန်ထမ်း ၂ ဦးပျောက်ဆုံးနေမှုအား အာဏာပိုင်တွေက တာဝန်ယူမူမရှိတာကြောင့်  ပညာရေးဝန်ထမ်းတချို့ ကျောင်းမတက်ဘဲ သပိတ်မှောက်တယ်လို့ သတင်းဌာနတွေက ရေးသားခဲ့ကြတဲ့အတွက် အခုလို စစ်ဆေးမူပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။

"မနေ့က မောင်တောက ဆရာ/ဆရာမတွေ အားလုံးကျောင်းတက်ရောက်ကြပါတယ်။ မိုးကလည်အဆက်မပြတ်ရွာနေတယ်။ ဝေးတဲ့ကျောင်းအချို့ကို ကားငှားသွားကြရတဲ့ ကျောင်း ၂ ကျောင်းလောက်တော့ မတက်ကြဘူ။ အဲ့ဒါကို သပိတ်မှောက်တယ်ဆိုပြီ သတင်းတွေဖြစ်သွားတာ” လို့ ကျောင်းဆရာက ပြောပါတယ်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရခိုင်ပြည်နယ်အတွင်း အစိုးရအခြေခံပညာသင်ကျောင်း ၃၁၈၈ ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ သူ ၄ သိန်းကျော်လောက် တက်ရောက် ပညာသင်ကြားနေကြတယ်လို့ ပြည်နယ်ပညာရေးဌာရဲ့စာရင်းတွေအရ သိရပါတယ်။

ဇွန် ၁၆ ရက်နေ့က ပြန်ပေးဆွဲခံရတဲ့ မောင်တောမြို့နယ်က ပညာရေးဝန်ထမ်း နှစ်ဦး ပြန်လည်လွတ်မြောက်ရေးအတွက် စစ်ကောင်စီနဲ့ ပြည်နယ်အစိုးရအဖွဲ့မှာ တာဝန်ရှိတယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) ကလည်း ဇွန် ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ပြန်ပေးဆွဲခံထားတဲ့ သင်္ဘောလှကျေးရွာ ကျောင်းကြီးဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက်ဆရာမ ဥမ္မာကျော်တို့ကို လက်ကိုင်တဖွဲ့က ငွေရလိုမှုကြောင့် ပြန်ပေးဆွဲထားတာဖြစ်ပြီး ပြန်ပေးငွေ ဘင်္ဂလားဒေ့ရှ် တာကာငွေ သိန်း ၂၀ အား ဇွန် ၁၉ ရက်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ပြီး လွှဲပေးထားပေမဲ့ အခု ၅ ရက်မြောက် နေအထိ မလွတ်မြောက်သေးတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။ 

ပျောက်ဆုံးနေတဲ့ ကျောင်းအုပ် ဆရာကြီး နဲ့ ဆရာမ တို့အား ကွမ်းသီးပင်ကျေးရွာအုပ်စု မဲတီကျေးရွာမှာ လိုက်ရှာကြသူတွေ ဇွန် ၁၉ ရက် နေ့ညနေ ၃ နာရီလောက်က အမည်မသိလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်ခံရတာကြောင့် ၃ ဦး ဒဏ်ရာရှိသွားခဲ့ပြီး ရှာဖွေမှုတွေကို ဇွန်လ ၂၀ မှာရပ်ဆိုင်းထားလိုက်ကြပါတယ်။

နယ်စပ်ဒေသတခုမှာ ပညာရေးဝန်ထမ်း နှစ်ဦးကို အမည်မသိလက်နက်ကိုင်တွေက အလွယ်တကူ ပြန်ပေးဆွဲသွားမှုက ရခိုင်ပြည်သူတွေရဲ့ လုံခြုံမှုကို များစွာထိခိုက်စေနိုင်ပြီး၊ ဖမ်းဆီခံထားရတဲ့ ပညာရေးဝန်ထမ်း နှစ်ဦး လွတ်မြောက်ဖို့ စစ်ကောင်စီနဲ့ ပြည်နယ်အစိုးရမှာ အပြည်အဝ တာဝန်ရရှိသလို နောက်ထပ် အခုလို ဖြစ်စဉ်မျိုး မဖြစ်ပွားရအောင် စီမံဆောင်ရွက်ဖို့ ANP တိုက်တွန်ထားပါတယ်။

ဇွန် ၁၅ ရက်နေ့ ပုဏ္ဏားကျွန်းမြို့ဖြစ်စဉ်မှာလည်း အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီး စစ်ဆေးတာတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေ စိုးရိမ်နေကြပြီး ဖမ်းဆီးစစ်ဆေးမှု မပြုလုပ်ဖို့ အလေးနက်တိုက်တွန်အပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပညာရေးဝန်ထမ်း နှစ်ဦးကို ARSA အာဆာ အဖွဲ့က ပြန်ပေးဆွဲထားတာလို့ ရက္ခိုင့်တပ်တော်(အေအေ)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူရဲ့လူမှုကွန်ရက်စာမျက်နှာ တွယ်တာကတဆင့် ဇွန်လ ၂၀ ရက်နေ့က ရေးသားစွပ်စွဲထားပါတယ်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ စွပ်စွဲချက်ဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပြီးပြီး ARSA အာဆာအဖွဲ့အနေနဲ့ ပညာရေးဝန်ထမ်း နှစ်ဦးကို ပြန်ပေးဆွဲထားတာ မရှိဘူးလို့ ထုတ်ပြန် ထုတ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024