Home
မြန်မာသတင်း
ကျောက်မဲမြို့နယ်၌ ကျပ်သိန်း ၇၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးများ TNLA က ဖမ်းဆီးရမိ
DVB
·
June 20, 2022
288540081_346273010986962_1759767190110449502_n

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကနေ မိုးကုတ်မြို့ကိုသွားတဲ့ ကားလမ်းမကြီးပေါ်ရှိ TNLA (တအာင်းတပ်)စစ်ဆေးဂိတ်မှာ ဇွန် ၁၈ ရက်က ကျပ်ငွေသိန်း ၇၀ ကျော်တန်ဖိုးရှိ  စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

ကျောက်မဲကနေဖြတ်ပြီး မိုးကုတ်ဘက်သွားနေတဲ့ အမည်းရောင် (FZ) ဆိုင်ကယ်တစ်စီးကို မသင်္ကာလို့ စစ်ဆေးရာကနေ ဆိုင်ကယ်အောက်ဖုံးအတွင်း ထည့်ထားတဲ့  ငွေကျပ်သိန်း ၇၀  ကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြား ၂၄၀ ထုပ်ဖမ်းဆီးရမိခဲ့တယ်လို့ PSLF/TNLA  မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ထံ သိရပါတယ်။

မူးယစ်ဆေးတွေ သယ်ဆောင်လာတဲ့ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်က မောင်အောင်ဖြိုးကို PSLF/TNLAက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျောက်မဲမြို့နယ်ဟာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ သုံးစွဲမှုတွေ များပြားနေတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး လူငယ်လူလတ် ထက်ဝက်ကျော်ဟာ မူးယစ်ဆေးဝါးကို သုံးစွဲနေကြပါတယ်။ 

မူးယစ်ဆေးဝါးသုံးစွဲတဲ့ ကျောက်မဲမြို့စွန်က နေရာတခုတည်းမှာတင် နေ့စဥ်လာရောက်သုံးစွဲသူ ရာဂဏန်းကျော်တယ်လို့  ဒေသခံတွေကပြောပါတယ်။

အစိုးရအဆက်ဆက် ကျောက်မဲမြို့မှာ မူးယစ်ဆေးဝါးမှုတွေကို ထိန်းချုပ်နိုင်ခြင်းမရှိသလို အခုစစ်တပ်အာဏာသိမ်းပြီးနောက်မှာ  ပိုမိုဆိုးဝါးလာတယ်လို့  ဒေသခံတွေက ပြောကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024