မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရဲစခန်းမှ နယ်ထိန်းရဲတာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် နိုင်မင်းထွဋ်ခေါင်ကို ဇွန် ၁၆ ရက် နေ့လယ်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးလာစဉ် ခုခံဖို့ကြိုးစားတာကြောင့် ပစ်ခတ်ခဲ့ရပြီး သေဆုံးသွားတယ်လို့ MGN ( မြင်းခြံခရိုင်တပ်ရင်း ၂ ) က ပြောပါတယ်။
နယ်ထိန်းရဲ နိုင်မင်းထွဋ်ခေါင်ဟာ ရေစကြိုမြို့ ၊ အမှတ် ၈ သုခဝတီရပ်ကွက်မှာနေထိုင်သူဖြစ်ပြီး ရေစကြိုမြို့နယ်ရဲစခန်းမှာ နယ်ထိန်းတာဝန်ကျနေတာဖြစ်ပါတယ်။
MGN Tiger (မြင်းခြံခရိုင်တပ်ရင်း ၂ ) အဖွဲ့က " သူက မြို့တွင်းမှာ လိုင်းကြေးကောက်ခံတာတွေလည်း ရှိတယ်။ နောက်ပြီး ပြည်သူကို အထက်စီးနဲ့ အမြတ်ထုတ်အနိုင်ကျင့်ဗိုလ်ကျလို့ ဖမ်းဆီးတာပါ။ အစကတော့ ဖမ်ဆီးစစ်ဆေးဖို့ပဲ။ ပစ်ဖို့အစီစဉ်မရှိပါဘူး။ ဖမ်းလာပြီး လမ်းခုလတ်မှာ လက်နက်လုခုခံဖို့ ကြိုးစားတာကြောင့် မလွဲသာပဲ ပစ်ခတ်လိုက်ရတာ" လို့ ပြောပါတယ်။
ဖမ်းဆီးစဉ် နယ်ထိန်းရဲ နိုင်မင်းထွဋ်ခေါင်ဆီမှ အချက်လက်ချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနယ်ထိန်းရဲအား ဖမ်းဆီးမှုကို Black Wolf PDF MDY ၊ MGN Tiger ( မြင်းခြံခရိုင် တပ်ရင်း ၂ ) နဲ့ Bagan Nyaung Oo PDF တို့က ဆောင်ရွက်ခဲ့တာလို့ ဇွန် ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။