Home
မြန်မာသတင်း
ရေး-သံဖြူဇရပ်ကားလမ်းတွင် စစ်ကား ၃ စီး ချုံခိုတိုက်ခိုက်ခံရ
DVB
·
June 10, 2022
285573588_338038961824208_2393148543313346347_n

ရေး-သံဖြူဇရပ်ကားလမ်းရှိ ရွာသာအေးရွာနဲ့ ပိန္နဲတောကြားရွာမှာ  ဇွန် ၉ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က စစ်ကောင်စီကား ၃ စီး  ကြားဖြတ် ချုံခိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့  မွန်ပြည်နယ်တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မကြာခဏ ကြားဖြတ်ချုံခိုတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားတွေမှာ သေဆုံးမှုမှာ ဒါဇင်နဲ့ချီ ရှိနေပြီး ဒဏ်ရာရသူတွေမှာလည်း အများပြား ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီးသေဆုံးဒဏ်ရာရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။ 

ရေး-သံဖြူဇရပ်ကားလမ်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မကြာခဏ တိုက်ခိုက်ခံရခြင်းကြောင့် ပတ်ဝန်းကျင်အနီးနားက ရွာသားတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသဆိုင်ရာ PDF၊ KNU ပူး ပေါင်းအဖွဲ့တွေ တိုက်ပွဲတွေထပ်မံဖြစ်လာမှာကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024