Home
မြန်မာသတင်း
ဧရာဝတီတိုင်းက ရဲတပ်သား ၁ ဦး အာဏာဖီဆန် CDM ဝင်ပြီး လွတ်မြောက်နယ်မြေ၌ ခိုလှုံ
DVB
·
June 7, 2022
286773147_1353798231771183_9086574645069518653_n

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ထဲက ရဲတပ်သားတယောက်ဟာ ကရင်ပြည်နယ်ထဲက PDF စစ်ဒေသ အမှတ် ၂ မှာရှိတဲ့ ကျားဖြူတပ်ဖွဲ့မှာ လာရောက်ခိုလှုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ရွှေတောင်နယ်မြေရဲစခန်းက ရဲတပ်သား မြင့်အောင်ဟာ စစ်ကောင်စီကို အာဏာဖီဆန် CDM ပြုလုပ်ပြီး ဇွန် ၃ ရက်ကစတင်ကာ Justice Soldiers PDF အဖွဲ့ကို ဆက်သွယ်ပြီး လာရောက်ခိုလှုံခဲ့တာလို့ ဆိုပါတယ်။

“သူက ခွင့်မဲ့ပျက်ကွက်ဖြစ်နေတာ မေလပိုင်းကတည်းက။ ဒီနေ့မှာ သတင်းက ထွက်လာတာ ပျက်ကွက်ဖြစ်နေတာကြာပါပြီ”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က  ပြောပါတယ်။

အသက် ၂၈ နှစ်အရွယ် ရဲတပ်သားမြင့်အောင်ဟာ ရဲတပ်ဖွဲ့လုပ်သက် ၅ နှစ်ကျော်ရှိသူဖြစ်ပြီး ရဲတပ်ရင်းမှာ ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

Justice Soldiers PDF အဖွဲ့ကတော့ သူ့ကို လွတ်မြောက်နယ်မြေတနေရာကို ပို့ဆောင်ထားပြီး ထိုင်းဘတ်ငွေ ၂၀၀၀ ထောက်ပံ့ပေးထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024