Home
မြန်မာသတင်း
ဝါးခယ်မမြို့နယ်တရားရုံး ဗုံးကွဲပြီးနောက် ဒေသခံ ၂၅ ဦးထက်မနည်း ဖမ်းဆီးခံရ
DVB
·
June 5, 2022
285883738_3256391391355266_5544060134258220520_n

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် တရားရုံးဝင်းအတွင်း ဗုံးပေါက်ကွဲခဲ့ပြီးနောက် CCTV ထဲပါသူနဲ့ မသင်္ကာသူ ဒေသခံ  ၂၅ ယောက် ထက်မနည်းကို  စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝါးခယ်မမြို့နယ်တရားရုံးဝင်းအတွင်း ရှေ့နေများ နားနေဆောင်မှာ မေ ၃၀ ရက်  မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဒေသခံအမျိုးသားတဦးက "တရားရုံးမှာ တပ်ထားတဲ့ CCTV ကနေ ကြည့်ပြီး လိုက်ဖမ်းနေတာ အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၂၀ လောက် အဖမ်းခံထားရတယ်။ ဗုံးပေါက်ကွဲတဲ့ နေ့ကတည်းက လိုက်ဖမ်းနေတာပဲ။ မသင်္ကာသူတွေလည်း ဖမ်းနေတာပဲ”လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့အတွက် ဖမ်းဆီးခံထားရတဲ့ဒေသခံတွေကို မြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေး နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူ အမျိုးသမီးတယောက်ရဲ့ မိသားစုဝင်က "ကျနော် အမက တရားရုံး ဗုံးပေါက်ပြီးတော့ ရဲနဲ့ စစ်သားတွေ လာခေါ်သွားတာ။ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူကတော့ ပြောတယ်။  လူချင်းတွေ့ခွင့် မရသေးဘူး" လို့  ပြောပါတယ်။

ဝါးခယ်မမြို့နယ်တရားရုံးကို ဧရာဝတီလင်းပိုင်အဖွဲ့နဲ့ ဝါးခယ်မမြို့ပြပျောက်ကျားအဖွဲ့က ဗုံးပေါက်ခွဲခဲ့ကြောင်း  ထုတ်ပြန်ကြေညာထားပေမဲ့ စစ်ကောင်စီက ဒေသခံတွေကို ဖမ်းဆီး စစ်ဆေးနေတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024