Home
မြန်မာသတင်း
ရသေ့တောင်မြို့နယ် အောင်ဗလရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေး
DVB
·
June 5, 2022
531053-524145-497846-Kyauk-Se-730x365-1-730x365-1-730x365

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်ဗလကျေးရွာရှိ နေအိမ်တွေကို  ဇွန် ၄ ရက်ည ၇ နာရီကျော်လောက်က ဒုံးပိုင်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်စစ်ဆေးခဲ့လို့ တိုက်ပွဲဖြစ်လာမှာကို  စိုးရိမ်နေကြတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဒုံးပိုက်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်အင်အား ၅၀  လောက်က မနေ့ညက အောင်ဗလကျေးရွာရှိ နေအိမ် ၄ အိမ်ကို ဝင်ရောက်စစ်ခဲ့ကြတာဖြစ်ပြီး ဖမ်းဆီးတာတော့ မရှိဘူးလို့ ရွာသားတယောက်က ပြေပါတယ်။ 

အောင်ဗလကျေးရွာသားတဦးက "ဘယ်လိုသတင်းတွေရလို့ လာရောက်စစ်ဆေးတာတော့မသိဘူး။ သူတို့ စစ်ချင်တဲ့ နေအိမ် ၄ အိမ်ကို ဝင်ရောက်စစ်ဆေးသွားတာ။ ဖမ်းဆီးသွားတာတော့မရှိဘူး"လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက မိသားစုဝင်အရေအတွက်၊ သက်မွေးဝမ်းကျောင်းအလုပ်နဲ့ အိမ်ထောင်စုစာရင်းတွေကို စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။

"ဒီလိုသာဆက်လက်ပြီးကျေးရွာတွေကို ဝင်ရောက်စစ်ဆေးနေရင် အေအေနဲ့ နှစ်ဘက် ထိတွေ့မှုဖြစ်ပြီး တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတာ။"လို့ ရွာခံသားတယောက်က ပြောပါတယ်။

အရင်က ရက္ခိုင်တပ်တော်နဲ့ စစ်ကောင်စီတပ်တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတုန်းက အောင်ဗလကျေးရွာက အမျိုးသမီးနှစ်ယောက် သေနတ်ကျည်ထိမှန်ပြီး ဒဏ်ရာပြင်းထန် ရခဲ့ဖူးပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024