Home
မြန်မာသတင်း
စစ်တွေမှ ဘင်္ဂလားဒေ့ရှ်သို့ ကုန်ပို့ဆောင်သည့် စက်လှေ ၁ စီး နစ်မြုပ်
DVB
·
May 31, 2022
285001118_753745485647847_2132473731289744919_n

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်ပို့ဆောင်တဲ့ စက်လှေတစီး  မေလ ၃၀ ရက်မနက်က နတ်မြစ်ဝမှာ နစ်မြုပ်ခဲ့လို့  ကုန်ပစ္စည်းတန်ဖိုးကျပ်  သိန်း ၃၀၀ ဖိုးလောက် ဆုံးရှုံးသွားတယ်လို့ စက်လှေပိုင်ရှင်ထံကနေ သိရပါတယ်။

အဆိုပါစက်လှေမှာ ကုန်ပစ္စည်း ၃၅ တန်တင်ဆောင်ပြီး စစ်တွေမြို့မှ မေ ၂၉ ရက် ညနေ ၅ နာရီက စတင် ထွက်ခွာလာခဲ့ပြီး မောင်တောမြို့နယ် မကျီးချောင်းဝ စခန်းအနောက်ဘက် နတ်မြစ်ဝ အတွင်း မေလ ၃၀ ရက် မနက်က သောင်ခုံနဲ့ ရိုက်မိပြီးစက်လှေရဲ့ ဝမ်းဗိုက်ပျဉ်ပြား ပွင့်ထွက်နစ်မြုပ်ခဲ့တာပါ။

စက်လှေပိုင်ရှင် ဦးအုန်းဖေက " ဆုံးရှုံးမှုကတော့ သိန်း ၃၀၀ ဖိုးလောက်ရှိတယ်။ အဓိက နှစ်မြုပ်ရတာက သဲခုံနဲ့တိုက်မိပြီး နစ်မြုပ်သွားခဲ့တာ။ ကုန်ပစ္စည်တွေက ချင်း၊ ဇီးယို ပစ္စည်စုံပါတယ်။"လို့  ပြောပါတယ်။

ထိုစက်လှေနစ်မြုပ်တဲ့နေရာကို  သက်ဆိုင်ရာနယ်မြေစခန်းက တာဝန်ရှိသူတွေ အချိန်မီသွားရောက်ကယ်ဆယ်နိုင်ခဲ့တဲ့အတွက်  လှေလုပ်သား ၆ ဦး အသက်ဘေးက လွတ်မြောက်ခဲ့ပြီး လက်ရှိ နစ်မြုပ်သွားတဲ့ စက်လှေအားကို ဖော်ယူရရှိဖို့ ကြိုးစားနေတယ်လို့ မကျည်းချောင်းစခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါစက်လှေဟာ ကုန်ပစ္စည်းမျိုးစုံ ၃၅ တန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်တွေမှ နယ်စပ်ကုန်သွယ်ရေးအဖြစ်  တရားဝင်ပို့ဆောင်တာလို့ စစ်တွေကုန်သည်ကြီးများအသင်းကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024