Home
မြန်မာသတင်း
ရွှေသောင်ယံကမ်းခြေတွင် မုန်တိုင်းခိုနေသည့် စက်လှေမှောက်ပြီး အမျိုးသမီး ၁၃ ဦးသေဆုံး
DVB
·
May 24, 2022
Shwe Thaung Yan

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေမှာ  မေလ ၂၀ ရက်က အစ္စလာမ်ဘာသာဝင် အမျိုးသမီးအလောင်း ၁၃ လောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုန်တိုင်းကြောင့် ဝင်ခိုတဲ့အချိန်မှာ စက်လှေသမား ထွက်ပြေးသွားတာကြောင့် စက်လှေ မှောက်ပြီး သေဆုံးခဲ့တာဖြစ်ပြီး အယောက် ၆၀ ကျော်ကတော့ အသက်ရှင်နေတာ တွေ့ရှိခဲ့တယ်လို့ ကူညီပေးခဲ့သူတဦးက ပြောပါတယ်။

ပရဟိတကူညီပေးသူတဦးဖြစ်တဲ့ ဦးစိုးမင်းက “ကိုသိသလောက်တော့ အမျိုးသမီးအလောင်း ၁၃ လောင်း ကမ်းလာတင်တာ။ သူတို့က ဒီကို လာတာမဟုတ်ဘူး။ မုန်တိုင်းကြောင့် ဝင်ခိုရင်းနဲ့ လှေမှောက်တာ မနက်မိုးလင်း အလောင်းမှာ ကမ်းခြေရောက်လာတယ်ဆိုလို့ သွားကယ်ကြတာ။ အသက်ရှင်တဲ့သူတွေကတော့ ရေထဲမှာ မျောနေတာ”လို့ ပြောပါတယ်။

စက်လှေမှောက်ပြီး အသက်ရှင်တွေ့ရှိသူ  ၆၀ ကျော်ကိုတော့ ရွှေသောင်ယံ အထက်တန်းကျောင်းမှာ ရဲအစောင့်အကြပ်နဲ့ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။

စက်လှေမှောက်လို့ သေဆုံးခဲ့တဲ့သူတွေကို ချောင်းသာမြို့နဲ့ ပုသိမ်မြို့က ပရဟိတအဖွဲ့တွေက လာရောက်သယ်ဆောင်ပြီး အစ္စလာမ်ဘာသာအရ နာရေးပြုလုပ်ပေးခဲ့တယ်လို့ ပရဟိတအသင်းအဖွဲ့တွေက ပြောပါတယ်။

အသက်ရှင်လျက်ဖမ်းမိခဲ့သူ  ၆၀ ကျော်ကိုတော့ လ၀က ဥပဒေနဲ့ အမှုဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးကို ဒီဗွီဘီကဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့မရခဲ့ပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013