မွန်ပြည်နယ်၊ မုဒုံမြို့ မော်သံလမ်းရှိ ကောင်းထက်မိတ္တူဆိုင်မှာ မေ ၂၂ ရက် ညနေ ၃ နာရီလောက် က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိတ္တူဆိုင်ကို အမည်မသိ လူငယ်တွေကလာရောက်ပြီး အနီးကပ်ဗုံးပစ်ဖောက်ခဲ့ရာမှာ ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးအောင်မြင့် အပါအဝင် တခြားတယောက်လည်း ပြင်းထန်ဒဏ်ရာရပြီး မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရတာပါ။
ဆိုင်ပိုင်ရှင် ဦးအောင်မြင့်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတယောက်ဖြစ်ခဲ့ဖူးသလို အငြိမ်းစား ကျောင်းဆရာလည်း ဖြစ်ပါတယ်။
ဆိုင်ပိုင်ရှင် ဦးအောင်မြင့်ဟာ စစ်တပ်ရဲ့ သတင်းပေးဖြစ်လို့ ဗုံးခွဲလုပ်ကြံခံရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ ဒါနဲ့ပတ်သက်ပြီး ဒီဗွီဘီက အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
အဆိုပါ ဗုံးပေါက်ကွဲမှုဟာ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း Mudon People Defence Force က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။