Home
မြန်မာသတင်း
ညောင်ဦးမြို့နယ် အောက်ညဉ့်ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်တွင် ပစ်ခတ်မှုဖြစ်ပြီး ၃ ဦးသေဆုံး
DVB
·
May 20, 2022
282145730_1638314519887695_6818050543165960007_n

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အောက်ညဉ့်ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ နေအိမ်မှာ မေလ ၁၉ ရက် နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီး လူ ၃ ယောက်  သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေဟာ အောက်ညဉ့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းရွှေရဲ့ သမက် ဖိုးချို၊ သူကောင်းတည် ရာအိမ်မှူး ဦးမောင်မြင့်နဲ့ မန္တလေး ဘက်ကလာတဲ့ ဦးကျော်ကျော်မင်း တို့ဖြစ်တယ်လို့ ဒေသသခံတွေထံက သိရပါတယ်။

အောက်ညဉ့်ရွာ အုပ်ချုပ်ရေးမှူး စန်းရွှေ နေအိမ်မှာ ပျူစောထီးအဖွဲ့ဝင်တွေ သွေးသောက်အဖွဲ့ ဖွဲ့စည်းဖို့ အစည်းဝေးလုပ်နေချိန်မှာ ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ မြေလတ်-PDF MGN District ၊ Seven People Defense Force(S.P.D.F)၊ TTA-ပြောက်ကျားတပ်ဖွဲ့(တောင်သာ)၊ Bagan Heros Guerrilla Force (B.H.G.F)၊ 27 Revolution Force(MGN) တို့က ဝင်ရောက်ပစ်ခတ်ခဲ့တာလို့  ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုကြောင့် ၃ ယောက်သေဆုံးပြီး ၁ ယောက်ကတော့   ဒဏ်ရာပြင်းထန်ရသွားတယ်လို့ 27 Revolution Force(MGN) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  ပစ်ခတ်မှုမှာ သေဆုံး ဒဏ်ရာရသွားသူတွေဟာ ပျူစောထီးအဖွဲ့ဝင်တွေဟုတ်မဟုတ်တော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024