ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်အွမ်ရွာနားက ဆိုင်းခေါင်ရွာမှာ မေ ၁၂ ရက်နေ့ reuf ၁၁ နာရီ ဝန်းကျင်က မိုးသည်းထန်ပြီး ရေကြီး မြေပြိုတာကြောင့် အမျိုးသား ၄ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိုင်းခေါင်ရွာခံ ကိုအိုက်ပေါင်းက “မနေ့က ၁၁ နာရီခွဲလောက်ဖြစ်သွားတာ၊ မြေပြိုတာဗျ။ သူတို့က ဆိုင်းခေါင်ရွာရဲ့ ဘေးမှာ ချောင်းဘေးမှာ တဲထိုးပြီးမှ နေတာလေ။ အုတ်တံတိုင်းရဲ့ဘေးမှာ သူတို့က တဲထိုးပြီးနေတာ။ မြေက ပြိုလိုက်လို့ အဲအုတ်တံတိုင်း သူတို့ကို ပိလိုက်တာ” လို့ ပြောပါတယ်။
သေဆုံးသွားသူတွေက မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်က ကိုအောင်ကိုဝင်း (၃၈) နှစ်၊ ကိုအောင်မိုး (၃၀) နှစ်၊ ကိုကျော်ဆန်း (၂၉) နှစ်နဲ့ အသက် ၂၀ အရွယ် နိုင်ထွန်းအောင်တို့ဖြစ်ပြီး ကြံခုတ်လုပ်သားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
နမ့်အွမ်ဒေသခံတဦးက "သေသွားတာ ယောက်ျားတွေချည်း ၄ ယောက်။ အောက်မြန်မာပြည်ဘက်က ကြံလာခုတ်ကြတာ။ အားလုံး ဗမာလူမျိုးပဲ။ သူတို့နေတဲ့ အိမ်နား မြေပြိုလာတာ" လို့ ရှင်းပြပါတယ်။
မူဆယ်၊ မုန်းကိုး၊ မန့်ဟီရိုး (မန်ဟျှိုး)၊ ပန်ဆိုင်း(ကြူကုတ်)၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ တာမိုးညဲ ဒေသတွေမှာ မေ ၁၂ ရက်နေ့ ညနေ ၆ နာရီခွဲမှ နောက် ၂၄ နာရီ အတွင်း မိုးကြီးရေလျှံနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။