မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက် ၁၀၈ လမ်း၊ ၄၄ လမ်း နဲ့ ၄၅ လမ်းမှာ မေ ၉ ရက် ညနေ ၆ နာရီက အမျိုးသားတဦး သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။
သေနတ်နဲ့ ပစ်ခံရသူဟာ ချမ်းမြသီတာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးမြင့်ဦးဆိုသူဖြစ်ပြီး နေအိမ် ရှေ့ ထိုင်နေချိန် သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
“ပစ်ခံရသူက ဟိုးအရင်တုန်းက ကြံ့ခိုင်ရေးပါတီဝင်။ နောက်တော့ UBP ပါတီဝင် ဖြစ်သွားတယ်။ ပစ်ခံရတာ အသက်တော့ မသေဘူးကြားတယ်။” လို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။
သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ဦးမြင့်ဦးရဲ့ ဗိုက်မှာ ကျည်သုံး ချက်ခန့် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ ကို တင်ပို့ထားရတယ်လို့ သိရပါတယ်။