မန္တလေးမြို့အနီး ဒုဋ္ဌဝတီမြစ်အတွင်းမှာ ရေနစ်သေဆုံးတဲ့ သူ ၂ ဦးအနက် အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို မေလ ၈ ရက် မနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်း ဒုဋ္ဌဝတီ တံတားအောက်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၂၉ နှစ်အရွယ်အမျိုးသားတို့ဟာ အမရပူရမြို့နယ် ဝဲကြီးဆင်ရွာအနီး ဒုဋ္ဌဝတီမြစ်အတွင်း မေ ၆ ရက်နေ့က ရေဆင်းချိုးရင်း ရေနစ်ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
“အမျိုးသမီးက ရန်ကုန်ကတဲ့။ အမျိုးသားက စက်မှုထဲမှာနေတာ။ ရုပ်အလောင်းတွေကို ငါးဖမ်းသမားတွေက တွေ့တာ” လို့ ရုပ်အလောင်းတွေကို သယ်ယူခဲ့သေတဦးက ပြောပါတယ်။
ရေနစ် သေဆုံးခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးရဲ့ ရုပ်အလောင်းကိုတော့ မေ ၇ ရက်နေ့က လိပ်ဆံခွန်ကျေးရွာနားမှာတွေ့ရှိပြီး မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး) က ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။