မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ ခရိုင်တရားရုံးအရှေ့ဘက်လမ်းမှာ မေလ ၆ ရက် မနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနက် ၁၀ နာရီ လောက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး လူတွေထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ မြင်းခြံမြို့ခံတယောက်က ပြောပါတယ်။
ဒီဗုံးပေါက်ကွဲမှုကို ဘယ်အဖွဲ့စည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ တင်းကျပ်ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်ကလည်း မြင်းခြံမြို့လယ်ရှိ အမှတ် (၁) ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့ ၃ ဖွဲ့က ဗုံးနဲ့ ပစ်တိုက်ခိုက်ခဲ့တာကြောင့် ကင်းစောင့်နေတဲ့ ရဲတပ်သား ၂ ယောက် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။