Home
မြန်မာသတင်း
ယင်းမာပင်မြို့တွင် စစ်ကောင်စီကား ၃ စီးကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်
DVB
·
May 6, 2022
279269382_1195051257897395_3164215772732395428_n

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို ဆရာစံ PDF ပြောက်ကျားတပ်ဖွဲ့နဲ့ ယင်းမာပင်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆရာစံ PDF တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

မေ ၃ ရက် ညနေ ၅ နာရီခွဲက လည်ငေါက်ရွာ အရှေ့ဘက်ရှိ ယာခင်းတွေကိုဖြတ်ပြီး ယင်းမာပင်ဘက် ဦးတည်ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ယာဉ် ၃ စီးကို ပူးပေါင်းတပ်က ဒရုန်းအပါအဝင် လက်နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ဆရာစံ PDF အဖွဲ့ရဲ့ ဒရုန်းတခု ရာသီဥတု အခြေအနေကြောင့် ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

“စစ်(--) တွေက ကားလမ်းအတိုင်းလာတာ မဟုတ်ဘူး၊ ယာခင်းတွေထဲက ဖြတ်လာတာ။ ကျနော်တို့က ကြားဖြတ်တိုက်ခိုက်တာပါ။ အနီးကပ်ပစ်ရတာဆိုတော့ စစ်သား ၃ ယောက် သေသွားတာ သေချာပါတယ်။ ဒရုန်းနဲ့ တိုက်ခိုက်နေတဲ့အချိန် သူတို့ဘက်က ပြန်ပစ်ခတ်လာတော့ ဒရုန်းကို ထိန်းလို့မရလိုက်ဘဲ ပျောက်ဆုံးသွားတယ်။”

ပျောက်ဆုံးသွားတဲ့ ဒရုန်းဟာ ၃၂ သိန်း တန်ကြေးရှိပြီး စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ အထိုင်စခန်းတွေ၊ ရဲစခန်းတွေနဲ့ တိုက်ပွဲတွေမှာ အသုံးပြုခဲ့တာရှိလို့ ရဲဘော်ရဲဘက်တဦး ကျဆုံးသွားသလို စိတ်မကောင်းဖြစ်ရပြီး ဝယ်ယူရတာ ခက်ခဲလွန်းတာကြောင့် ကြီးမားတဲ့ ဆုံးရှုံးမှုတခု ဖြစ်တယ်လို့ ဆိုပါတယ်။

ဆရာစံ PDF ဟာ ငွေကြေးကုန်ကျစရိတ် သက်သာနိုင်ဖို့ မိုင်တဲလ်မမ အပါအဝင် တာဝေးပစ် ဒုံးကျည်တွေနဲ့ တခြားလက်နက်ငယ်တွေကို ကိုယ်တိုင်ထုတ်လုပ်ပြီး တော်လှန်ရေးမှာ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024