မန္တလေးတိုင်း၊ နွားထိုးကြီးမြိုနယ်၊ ဝက်လူးတိုက်နယ်၊ ဝက်လူးကျေးရွာမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီ အဖွဲ့သားတွေ မေလ ၁ ရက်နေ့ မနက် ၇ နာရီ ၃၀ မိနစ်လောက်က မိုင်းဆွဲခံခဲ့ရပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီဘက်က အဆက်မပြတ် ပြန်လည် ပစ်ခတ်ခဲ့ပြီး ဆုတ်ခွာခဲ့သလို ပီဒီအက်ဖ်ဘက်ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့လို့ နွားထိုးကြီး ဒေသကာကွယ်ရေးတပ်က ပြောပါတယ်။
'ဝက်လူးမှာ အင်အား ၆၀ လောက်နဲ့ တပ်စွဲထားတယ်။ သူတို့ထဲက ဝက်လူးဆည်ရဲ့အနောက်ဘက်က သောက်ရေတွင်းမှာ သောက်ရေထွက်ခပ်တာပေါ့နော်။ နှစ်ရက်တခါ သုံးရက်ေခါလောက် သောက်ရေထွက်ထွက်ခပ်တဲ့ဟာကို မိုင်းကြိုဆင်ထားတာ။ သူတို့လာတော့မှ မိုင်းဆွဲတာ နှစ်ကောင်ကတော့ အဲဒီနေရာမှာတင် ပွဲချင်းပြီး သွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သား ၇ ယောက် ရေလာခပ်တာကို ကနဦးမိုင်း မိုင်းဆွဲခဲ့ပြီး သေဆုံးနဲ့ဒဏ်ရာရတဲ့ စစ်သားတွေကို လာကောက်တဲ့ စစ်ကားနှစ်စီးကိုလည်း ထပ်မံမိုင်းဆွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ မျက်မြင်တွေ့ရသူတဦးက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားတစီးပျက်စီးသွားခဲ့ပြီး အခြားကားတစီးက သံကြိုးနဲ့ချိတ်ဆွဲသွားရတယ်လို့လည်း သိရပါတယ်။
ဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးပါဘူး။