ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ စစ်ကောင်စီတပ်က အရာရှိတယောက်အပါအဝင် ၁၀ ယောက်ထက်မနည်း သေဆုံးကာ ရွာငံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ YPDF က ရဲဘော် ၅ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ် လို့ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က ဧပြီ ၃၀ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ဧပြီ ၁၅ ရက်က ပန်းလောင်မြစ်ကြောင်းတလျှောက် စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ လုရွာနဲ့ တောင်ဦးကျေးရွာကြား တိုက်ပွဲဖြစ်ပီဲး လက်နက်အင်အားမမျှတာကြောင့် ပြန်လည်ဆုတ်ခွာရာမှ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ ၅ ယောက် လက်နက်ကြီး ထိမှန်သေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရွာငံမြို့နယ်ကို စစ်ကောင်စီတပ်က အင်အားအများအပြားအသုံးပြုပြီး PDF စခန်းတွေကို စီးနင်းနေသလို ကျွေးရွာအတွင်းရှိ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာငံမြို့နယ်ထဲက ဒေသခံတွေကို PDF တွေနဲ့အဆက်စပ်ရှိပြီး ထောက်ပံ့မှုတွေပေးနေတယ်ဆိုတဲ့ စွပ်စွဲကာ ရွာခံတွေကို ဖမ်းဆီး သတ်ဖြတ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ YUG နဲ့ တောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF ပူးပေါင်းအဖွဲ့ ရဲ့ စခန်း တစ်ခု စီးနင်းခံလိုက်ရပြီး PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။