စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အရှေ့စည်းရွာအနီးမှာ ဧပြီ ၂၇ ရက်နေ့ မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။
အဲဒီအရှေ့စည်းကျေးရွာဘက်ကို စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးကာ MA 2 မောင်းပြန်သေနတ် ၁ လက်၊ ၀.၉၅ ကာဘိုင်မောင်းပြန်သေနတ် ၂ လက်၊ ၅.၅၆ ကျည် ၈၀ တောင့်နဲ့ ၀.၉၅ ကာဘိုင်ကျည်အတောင့် ၂၀၀ ၊ MA 2 ကျည်အိမ် ၁ ခု၊ ၀.၉၅ ကာဘိုင်ကျည်အိမ် ၃ ခုတိုကို ကလေး ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုတိုက်ပွဲမှာ PDF (Kalay) ၊ CDF (KKG) ၊ RKDF နဲ့ ကလေး ပ.က.ဖ တွေ ပူပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အခုတိုက်ပွဲမှာ ပြည်သူကာကွယ်ရေးအဖွဲ့တွေဘက်က PDF (Kalay) တပ်ဖွဲ့၀င် ၂ ဦး၊ RKDF တပ်ဖွဲ့၀င် ၂ ဦး စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲသတင်းတွေကို စစ်ကောင်စီတပ်ဘက်က ထုတ်ပြန်တာမျိုးမရှိဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကသာ ထုတ်ပြန်လေ့ရှိပါတယ်။