နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွပ်စွဲထားတဲ့ ရွှေနဲ့ ဒေါ်လာအမှု ဒီနေ့ ဧပြီ ၂၆ ရက်မှာ အမိန့်ချမယ်လို့ ချိန်းဆိုထားပေမယ့် မနက်ဖြန် ဧပြီ ၂၇ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အမေရိကန်ဒေါ်လာ ၆ သိန်း၊ ရွှေ ၇ ပိဿာ ယူတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက အဂတိမှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
“အမိန့်ချဖို့ မနက်ဖြန်(ဧပြီ ၂၇ ရက်နေ့) ကို ရွှေ့ဆိုင်းချိန်းဆိုလိုက်တယ်။ ဘာလို့ ရွှေ့တယ်ဆိုတာတော့ မသိရဘူး” လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ထွက်ဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး “All Absurd” အားလုံးဟာ မဟုတ်တမ်းတရားတွေလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုထားဖူးပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့အမှုတွေထဲက ငါးမှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ချပြီးလည်း ဖြစ်ပါတယ်။