စစ်ကိုင်းတိုင်း၊ ရေဦး - မုံရွာ ကားလမ်းဘေး ဖန်းခါးကျင်းရွာနားက BOC ဆီဆိုင်မှာ ဧပြီ ၂၅ ရက်က ဒုတိယအကြိမ် ဗုံးပေါက်ကွဲခဲ့တယ်လို ဆိုင်တာဝန်ရှိသူတယောက်က ပြောပါတယ်။
"ဒီမနက်မှာပိုင်း ဗုံးပေါက်တယ်။ အခုဆီဆိုင်က အကုန်လုံးပျက်စီးသွားတယ်။ ဝန်ထမ်းတွေက မနက်ခင်းမှ ဗုံးထောင်ထားတယ်ဆိုတာ သိရပါတယ်။ မနက် ၈ နာရီလောက်ထောင်ထားတဲ့ ဗုံးပေါက်တယ်။ လူတွေ ထိခိုက်တာ မရှိဘူး။ ကျနော်တို့ ဆီဆိုင်က စစ်ကောင်စီနဲ့ ပတ်သက်တာ မရှိဘူး”လို့ ဆိုင်တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဖန်းခါးကျင်းကျေးရွာအနီးရှိတဲ့ BOC ဆီဆိုင်ကို ဧပြီ ၂၃ ရက်ကလည်း လက်နက်ကိုင်အဖွဲ့ တစ်ခုလာရောက်ပြီး ဆိုင်မှာရှိတဲ့ ဝန်ထမ်းတွေကို ရိုက်နှက်သွားပြီး ငွေကျပ် ၁၀ သိန်းကျော်လည်း ယူဆောင်သွားခဲ့တယ်လို့သိရပါတယ်။
BOC ဆီဆိုင် ဗုံးပေါက်ကွဲမှုဟာ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာတော့ မသိရသေးပါဘူး။