ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ပြုလုပ် (ဓာတ်ပုံ)
DVB
·
April 25, 2022
ရန်ကုန်မြို့တနေရာမှာ ဧပြီ ၂၅ ရက်က "Freedom Is Non-negotiable" စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တခု ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို အထက ၆ အလုံ၊ အထက ၄ အလုံ၊ အထက ၃ သာကေတ၊ စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဒေါပုံမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ အထက ၁ လသာ၊ အထက ၂ ရန်ကင်း၊ ပန်ကိုယ်ပိုင် အထက်တန်းကျောင်း (ပဲခူး) ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ၊ အလုံမြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်းပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။