Home
မြန်မာသတင်း
ရွာငံမြို့နယ်၌ တော်လှန်ရေးတပ်စခန်း ၁ ခုကို စစ်တပ်က တိုက်ခိုက်သိမ်းယူပြီး ဖမ်းမိသည့်ရဲဘော် ၁ ဦးကို ပစ်သတ်
DVB
·
April 25, 2022
Ywa Ngan PDF camp attacked by SAC

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတခုကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီး  တော်လှန်ရေးရဲဘော် တယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

ရွာငံမြို့နယ် နွားဘန်းကြီးရွာနားမှာရှိတဲ့ ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ YUG နဲ့ တောင်ကြီး မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF ပူးပေါင်းတပ်ဖွဲ့ရဲ့ တပ်ခွဲ ၂ စခန်းကို ဧပြီ ၂၂ ရက်က ကင်းထောက် လေယာဉ် ၃ စီး နဲ့ ကင်းထောက်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ရွာငံမြို့ပြ ပြောက်ကျားတပ်က မနေ့က ထုတ်ပြန်ပါတယ်။

သိမ်းဆည်းခံရတဲ့ နေရာဟာ ပူးပေါင်းတပ်ဖွဲ့  တပ်ခွဲ -၂  ရဲ့ အခြေခံစစ်သင်တန်းပို့ချတဲ့ စခန်းတခုဖြစ်ပြီး ဧပြီ ၂၀ ရက်ကတည်းက စစ်သားအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တာလို့ ဆိုပါတယ်။

လက်ကြီး၊ လက်နက်ငယ်တွေ အဆက်မပြတ် ပစ်ခတ်ခဲ့သလို တပ်ခွဲ - ၂ မှာ တာဝန်ထမ်းဆောင်နေတဲ့ ကင်းသမားကို ဖမ်းဆီးနှိပ်စက် အဝတ်လဲခိုင်းပြီး ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

ကျန်တဲ့တော်လှန်ရေးရဲဘော်တွေကတော့  ဘေးကင်းရာနေရာကို လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024