Home
မြန်မာသတင်း
ကောလင်းမြို့ ကိုးတောင်ဘို့ဒေသက စစ်ဘေးရှောင်စခန်းတွင် မြွေကိုက်ခံရသူ ၅ ဦးထိရှိလာ
DVB
·
April 23, 2022
520489-463900-KaNi-730x365-2-730x365

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကိုးတောင်ဘို့ဒေသက စစ်ဘေးရှောင်တွေဟာ တောတောင်တွေထဲ စစ်ဘေးရှောင်ရင်း မြွေအန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး မြွေကိုက်လို့ သေဆုံးသူ ၅ ဦးရှိပြီလို့ စစ်ရှောင်တွေက ပြောပါတယ်။

နေ့တိုင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေတာကြောင့် နေရပ်မပြန်နိုင်ဘဲ တောတောင်တွေထဲမှာ ဖြစ်သလိုနေရင်း မြွေပွေးအန္တရာယ်နဲ့လည်း ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ကိုးတောင်ဘို့ရွာမ၊ ကွက်သစ်၊ ပိတောက်ခုံ၊ ကျွန်းကုန်း၊ပေါက်ကုန်း၊ ကိုင်းမ၊လျော်ဖြူကုန်း၊ ဇီးကနား၊ နှောကုန်း၊ ချပ်ကုန်း၊ မိဿလင်ကုန်းနဲ့ ရှားချောင်းကျေးရွာတွေ အပါအဝင် အနီးအနားကျေးရွာ ၁၂ ရွာက ပြည်သူ ၂၀၀၀၀ ကျော်လောက်ဟာ နေရပ်စွန့်ခွာခဲ့ရပြီး တောတောင်တွေထဲမှာ ဖြစ်သလို တဲထိုးနေကြပါတယ်။

တောတောင်၊ လယ်ကွင်းတွေထဲမှာ နေထိုင်ရင်း မြွေပွေးကိုက်ခံရသူ ၅ ဦးထိရှိလာပြီး သိုလှောင်ထားတဲ့ မြွေဆိပ်ဖြေဆေးအနည်းငယ်နဲ့ CDM ဆရာဝန်/ဆရာမတွေ ကုသပေးမှုကြောင့် အသက် သေဆုံးခြင်း မရှိသေးပေမယ့် လက်ရှိမှာ မြွေဆိပ်ဖြေဆေး မရှိတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး မြန်မာမြွေဆိပ်ဖြေဆေး ဝယ်ယူဖို့ ခက်ခဲ‌နေတယ်လို့ စစ်ဘေးတိမ်းရှောင်နေသူတွေက ဆိုပါတယ်။

လွန်ခဲ့တဲ့ မတ် ၂၉ ရက်နေ့ကစပြီး ကိုးတောင်ဘို့ကျေးရွာအုပ်စုမှာ စစ်ကောင်စီက ဝင်ရောက်တပ်စွဲထားတာ ၁ လနီးပါးရှိပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024