Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာအလုပ်သမား ၃၄ ဦး ဖမ်းဆီးခံရ
DVB
·
April 22, 2022
278656242_317581260485681_6826076855397323151_n

မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ တာဆောင်ယမ်းမြို့နယ်မှာ ထိုင်းနိုင်ငံကို တရားမဝင် ဝင်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၃၄ ဦး၊ လူကုန်ကူးသူ ထိုင်းလူမျိုး ၃ ဦးနဲ့ မော်တော်ယာဉ် ၄ စီးကို ဧပြီ ၂၂ ရက်က ဖမ်းဆီးရမိတယ်လို့ ထိုင်းစစ်တပ်သတင်းရင်းအမြစ်က ဆိုပါတယ်။

ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့အတွက် တယောက်ကို ဘတ်ငွေ ၂၀,၀၀၀ ကနေ ၂၃,၀၀၀ အထိ ပေးရတာပါ။

အဲဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် ဘားအံခရိုင် မဲ့တရေ့ကျေးရွာကနေ စက်လှေနဲ့ ထိုင်းနိုင်ငံဘက် ကူးပြီးနောက် တာဆောင်ယမ်းမြို့နယ် တကိုခီးရွာ ရပ်ကွက် ၇ ကို ရောက်နေစဉ် သတင်းပေါက်ကြားတာကြောင့် ထိုင်းစစ်တပ်နဲ့ တခြားအဖွဲ့တွေက လမ်းခရီးကနေ စောင့်ဖမ်းခဲ့တာပါ။

ဒါ့အပြင် နောက်ထပ် ကားနှစ်စီး ထပ်ရောက်လာတဲ့အတွက် ထိုင်းတာဝန်ရှိသူတွေက စစ်ဆေးရာ တရားမဝင် လူကုန်ကူးတာကို တွေ့ရှိတဲ့အတွက် ထပ်မံဖမ်းဆီးခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၈ ဦး၊ ထိုင်းလူကုန်ကူးသူ ၃ ဦးနဲ့ မော်တော်ယာဉ် ၄ စီးကို ထိုင်းနိုင်ငံ တရားဥပဒေအတိုင်း အရေးယူနိုင်ရေးအတွက် တာ့ခ်ခရိုင် တာဆောင်ယမ်း မြို့မရဲစခန်းကို လွှဲပြောင်းပေးအပ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024