Home
မြန်မာသတင်း
မင်းတုန်းမြို့ ၌ စစ်ကောင်စီတပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွား ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေ
DVB
·
April 22, 2022
Min Don Police Station
Road to Kan Ma
Min Don

မကွေးတိုင်း၊ မင်းတုန်းမြို့မှာ ဧပြီ ၂၂ ရက်က  စစ်ကောင်စီတပ်သားအချင်းချင်း  ခိုက်ရန်ဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်မိလို့  တပ်သားငယ် တယောက် သေဆုံးသွားတယ်လို့  ဒေသခံတွေထံကနေ  သိရပါတယ်။

အင်းလယ် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေ မူးယစ်သောက်စားပြီး အချင်းချင်းရန်ဖြစ်ရာက  တပ်ကြပ်တယောက်က စစ်သားငယ်တယောက်ကို ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်သားငယ်ဟာ သေနတ်ဒဏ်ရာအပြင်ကို မျက်နှာတခုလုံး ဖူးရောင်ဒဏ်ရာနဲ့ သေဆုံးသွားတာလို့ မြို့ခံတစ်ယောက်က ပြေပါတယ်။

“သူတို့က စီနီယာက ဂျူနီယာကို ပညာပေး ဆုံးမတာဆိုပြီး ရိုက်တာတဲ့။ နောက်တော့ ပစ်ခတ်မှုအထိ ဖြစ်သွားတယ်ထင်တယ်။ ညက သေနတ်အသံတော့ ကြားလိုက်တယ်။ မြို့အဝင် အင်းလယ်ဘက်က စစ်ဆေးရေးဂိတ်မှာဆိုတော့ ဘယ်သူမှ သွားမကြည့်ရဲကြဘူး။ သူတို့ကလည်း အဲဒီကိစ္စကို အတင်းလိုက်ဖုံးနေတယ်။ ဆေးရုံကဆရာဝန်တွေ၊ သူနာပြုတွေတောင် မေးလို့မရဘူး၊  သေတဲ့တပ်သားက ကလေးစစ်သားလေးပဲ အသက် ၁၆၊ ၁၇ လောက်ပဲရှိသေးတာ  သင်တန်းတောင် မတက်ရသေးဘူးတဲ့။”

အင်းလယ် စစ်ဆေးရေးဂိတ်မှာဟာ ဒေသခံတွေကို တင်းကျပ်စစ်ဆေးနေတဲ့ ဂိတ်တခုဖြစ်ပြီး ဆိုင်ကယ်တွေ စက်ရပ်ပြီးတွန်းသွားမှ ဝင်ခွင့်ပြုတဲ့အကြောင်း၊ ကိုဗစ်-၁၉ ဆေးထိုးပြီးတဲ့ လက်မှတ်ပါမှ သွားလာခွင့်ပြုသလို မိန်းကလေးတွေ၊ သက်ကြီးရွယ်အိုတွေ မရှောင် သေနတ်နဲ့ချိန်ပြီး ဆဲဆို ရိုင်းစိုင်းနေတဲ့ဂိတ် ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်သားရဲ့ အလောင်းကို ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး ဒီနေ့ ဧပြီ ၂၂ ရက်မှာ သူ့ရဲ့ အလောင်းကို သင်္ဂြိုဟ်ဖို့ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024