Home
မြန်မာသတင်း
မန္တလေး အိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသားများ မိသားစုနှင့် စာအဆက်အသွယ်မရ
DVB
·
April 19, 2022
278690751_1615597685492712_8173472049154980979_n

မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေ စာအဆက်အသွယ်လုပ်လို့မရ ဖြစ်နေတယ်လို့    အကျဉ်းထောင် အသိုက်အဝန်းကနေ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရေးပို့တာစာတွေ မိသားစုဆီမရောက်သလို. ထောင်ဝင်စာပို့တဲ့ခါမှာ အပြင်ကနေမိသားစုကရေးပေးတဲ့ စာတွေလည်း  အထဲက နိုင်ငံရေးအကျဉ်းသားတွေဆီ မရောက်တာမျိုးလည်း ကြုံတွေ့နေကာ  တရားဝင် လမ်းကြောင်းကနေ စာပို့တဲ့အခါတွေမှာလည်း ကြံ့ကြာမှုတွေရှိတယ်လို့ သိရပါတယ်။

ထောင်ဝင်စာသွားရောက်ပို့သူ တဦး က  “ထောင်ဝင်စာဧည့်တွေ့လို့ မရတဲ့အခြေနေမှာဆိုတော့ဗျာ အချိတ်ဆက်အဆက်သွယ်ဆိုတာ ဒီတရားဝင်စာလေးနဲ့ပဲ ဆက်သွယ်ရတယ်ဗျ။ အဲ့ဒီလိုနဲ့ပဲ အထဲမှာတွေဘာလိုအပ်နေလဲဆိုတာမျိုး ဘာထည့်ပေးရမလဲဆိုတာမျိုးကအစ ကျနော်တို့သိဖို့ ချိတ်ဆက်ရတာမျိုးကိုပေါ့နော်။  အထဲကနေမှာတဲ့စာက အပြင်မရောက်တော့  အထဲက အရေးကြီးလိုအပ်လို့မှာတဲ့ ဆေးဝါးတွေ တကိုယ်ရည်သုံးပစ္စည်းတွေမှာထားတဲ့စာက မိသားစုဆီမရောက်၊ မသိရှိရတော့ မပို့ဖြစ်တာမျိုးတွေ ရှိလာတော့ အထဲက အကျဥ်းထောင်ထဲကရဲဘော်တွေအတွက် အဆင်မပြေဖြစ်ကြရတယ်။”လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေကိုလည်း ထောင်အာဏာပိုင်တွေက ထောက်ပံ့ပေးမှုနည်းပြီး ရက်လွန်ဆေးဝါးတွေ သောက်သုံးရတာရှိတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ဆေးမှု၊ ခိုးမှုတို့နဲ့ ထောင်ကျတဲ့ ရာဇဝတ်မှုအကျဉ်းသား ရောနှော ထားတဲ့အတွက် အဆင်မပြေ ပြဿနာ ဖြစ်နေတာရှိတယ်လို့  အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဧပြီ ၁၇ ရက်က  မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နဲ့ စစ်ကောင်စီက အကျဉ်းသား ၁,၆၁၉  ဦး  ပြန်လွှတ်ပေးခဲ့ရာမှဦ  ခိုးမှု၊ မူးယစ်ဆေးမှုနဲ့ စစ်ပြေးမှု အများစုပါဝင်လာပြီး နိုင်ငံရေးအကျဉ်းသားတွေ တယောက်မှာ ပါဝင်လာတာ မရှိပါဘူး။ 

မန္တလေး အိုးဘိုထောင်ကနေ နိုင်ငံခြားသား ၃၄ ယောက်အပါအဝင် အကျဉ်းသား အကျဉ်းသူပေါင်း ၇၄ ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024