ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ မနက်ပိုင်းက စစ်အုပ်စုပိုင် Mytel တာဝါတိုင် ဗုံးခွဲဖျက်ဆီး ခံခဲ့ရပါတယ်။
နိဗ္ဗာန်တိုက်နယ်၊ စည်တော်ကုန်းကျေးရွာအနားရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို ဒီနေ့မနက် ၈ နာရီခွဲလောက်မှာ HLPDF အဖွဲ့က ဗုံးဖောက်ခွဲခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။
"ဗုံးကွဲတာတော့ဟုတ်တယ်။ မဏ္ဍပ်တော့မဟုတ်ဘူး။ တာဝါတိုင်ကွဲတာ လူထိခိုက်တာမျိုးတော့ မရှိဘူး။ တာဝါတိုင်ကမကျိုးဘူး ဒါပေမဲ့ အောက်ခြေပိုင်းပျက်စီးသွားတယ်။”
တာဝါတိုင်ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေရောက်လာပြီး ပိတ်ဆို့စစ်ဆေး နေပါတယ်။
စစ်အုပ်စုက ဧရာဝတီတိုင်းအတွင်း မိုင်တဲလ်တာဝါတိုင်တွေ ဖျက်စီးမခံရအောင် လုံခြုံရေးချထားပေမဲ့ စောင့်တဲ့သူမရှိတဲ့အချိန်မှာ ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။