ဧရာဝတီတိုင်း၊ ကြံခင်းမြို့မှာ ဧပြီ ၁၄ ရက် ညပိုင်းက မြို့မရဲစခန်းက ဒုရဲအုပ်တဦး KTV က ပြန်လာတဲ့အချိန်မှာ ဆိုင်ကယ်မှောက်သေဆုံးခဲ့တယ်လို့ ရဲစခန်းနဲ့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးခဲ့တဲ့ ဒုရဲအုပ်ဟာ အရက်အလွန်အကျွံသောက်ထားပြီး ဆိုင်ကယ်အရှိန်မထိန်းနိုင်လို့ လမ်းဘေးထိုးကျ တိမ်းမှောက်ပြီး ဆေးရုံကားမရောက်ခင်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ကြံခင်း ရဲတပ်ဖွဲ့ဝင်တဦးက “တိုင်းရုံးကိုတော့ သတင်းပို့ထားတယ်။ ဆိုင်ကယ်မှောက်သေတာလို့။ အဲ့နေရာမှာတင် သေသွားတယ်လို့ ပါတယ်။ အသေးစိတ်တော့ မသိရသေးဘူး”လို့ ပြောပါတယ်။
ညောင်တုန်းမြို့မှာ ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းကလည်း ဒုရဲအုပ်တဦး KTV မှာ ဓားထိုးခံရပြီး သေဆုံးခဲ့ပါသေးတယ်။