ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ချောင်းသာကမ်းခြေကို သင်္ကြန်ကာလအတွင်း အပန်းဖြေဖို့လာတဲ့ ခရီးသည်တင်ကားတစီး ဧပြီ ၁၄ ရက် နေ့လယ်ပိုင်းက တိမ်းမှောက်ခဲ့ပါတယ်။
မနေ့လယ် ၁၂ နာရီကျော်လောက်က လူ ၃၀ ကျော် လိုက်ပါလာတဲ့ ခရီးသည်တင်ကား ချောင်းသာကမ်းခြေမရောက်ခင် ဥတိုတံတားအတက်မှာ နောက်ပြန်လျောကျပြီး တိမ်းမှောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ကားကကုန်းတက်ကို မတက်နိုင်လို့ ပြန်ပြုတ်ကျတာ။ လူတွေတော့ ဘာမှမဖြစ်သွားဘူး။ ကံကောင်းတာပေါ့။ ချောက်ထဲကျရင် သေနိုင်တယ် ခုပွန်းပဲ့တာမျိုးပဲ ရှိတယ်”လို့ ပြောပါတယ်။
မတော်တဆဖြစ်ခဲ့တဲ့ ခရီးသည်တင်ကားကို အုပ်စုလိုက် စုငှားလာတာဖြစ်ပြီး လူ ၃၀ ကျော်လိုက်ပါလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သင်္ကြန်ပိတ်ရက် ချောင်းသာကိုလာတဲ့ကားတွေ များတာကြောင့် အပြိုင်လုတက်တဲ့အချိန်မှာ အရှိန်မပါလို့ ပြန်လျောကျတာဖြစ်နိုင်တယ်လို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။