ကချင်ပြည်နယ် ဖားကန့်မြို့ ဥရုရတနာ ကျောက်စိမ်းတံတားမှာ ဧပြီ ၁၀ ရက် ည ၁၀ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ည ၁၀ နာရီလောက် ဥရုရတနာကျောက်စိမ်းတံတား လုံခြုံရေးကင်းမှာ ဗုံးကွဲတာ။ ဒီကောင်တွေ တံခါးပိတ်နေတုန်း ဗုံးထပေါက်တယ်။ သုံးယောက် ဗုံးစထိပြီး ဒဏ်ရာရတယ်။ ဗုံးပေါက်ပြီး သေနတ်နဲ့ ရမ်းသတ်ပစ်တာ ၁၀ ချက်ထက်မနည်းဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ဥရုရတနာ ကျောက်စိမ်းတံတားမှာ ဗုံးပေါက်ကွဲတာနဲ့ပါတ်သက်ပြီး ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
ဖားကန့်မြို့မှာ မကြာခဏ ဗုံးပေါက်ကွဲလေ့ရှိပြီး ပြီးခဲ့တဲ့ မတ်လပိုင်းက စည်ပင်သာယာရုံးမှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ရုံးဝန်ထမ်း ၁ ဦး ဒဏ်ရာရှိခဲ့သလို ရဲစခန်းအနီး ဗုံးပေါက်ကွဲမှုလည်း ရဲ သုံးဦး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။