Home
မြန်မာသတင်း
စစ်ကောင်စီလေယာဉ်များ ပစ်ချနိုင်ရေး Project Dragonfly က ကန်ဒေါ်လာ ၁ သန်းကျော်ရထား
DVB
·
April 6, 2022
278026901_354859046682177_7717772638434053200_n

ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို မတရားဖိနှိပ်တိုက်ခိုက်ဖြိုခွင်းနေတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ဘက်လေယာဉ်တွေကို ပစ်ချနိုင်ရေးအတွက် Project Dragonfly အမည်နဲ့ အလှူငွေတွေ ကောက်ခံခဲ့ရာမှာ ၆ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁ သန်းကျော် ရရှိထားခဲ့တယ်လို့ သိရပါတယ်။

Click2donate နဲ့ ပန်ဆယ်လိုတို့ ဦးဆောင်ကောက်ခံနေတဲ့ ဒီပရောဂျက်မှာတော့ စတင်တဲ့ ပထမ ၂ ရက်အတွင်းမှာတင် သိန်းထောင်ချီရရှိခဲ့တာဖြစ်ပြီး လူမဆန်စွာ လေကြောင်းကနေ တိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့ တိုက်လေယာဥ်၊ ရဟတ်ယာဉ်တွေကို ပစ်ချနိုင်ဖို့ ၁၀ ရက်အတွင်း အမေရိကန်ဒေါ်လာ ၆ သိန်းခွဲစုဖို့ နိုင်ငံအသီးသီးမှာ နေထိုင်သူတွေဆီက အလှူခံနေတာ ဖြစ်ပါတယ်။

“PROJECT DRAGONFLY ဟာ အခုဆိုရင် ကျနော်တို့ ပထမ ထားခဲ့တဲ့ target ပမာဏကို ကျော်လွန်သွားခဲ့တာ  day 3 ကတည်းက ဖြစ်ပါတယ်ခင်ဗျာ။ ပြည်သူတွေရဲ့ ပြင်းပြတဲ့စိတ်တွေ  ပြည်သူတွေရဲ့ နာကျည်းတဲ့ စိတ်တွေဟာ ဒီပရောဂျက်မှာ ထပ်မံသက်သေပြခဲ့ကြပါတယ်ခင်ဗျာ။ ကျနော်နဲ့ အစ်မပန်ဆယ်လိုတို့ ပိုက်ဆံပြည့်တဲ့ရက်က တိုင်ပင်ကြတယ်၊ ဒီအရှိန်ကို ဆက်ထိန်းထားပြီး ကျနော်တို့  နှစ်ဆအထိ ရအောင် ကြိုးစား ကြမလားဆိုပြီးပေါ့.. အစ်မကလည်း သဘောတူတာနဲ့ ကျနော်တို့ ဆက်ပြီး ကြိုးစားခဲ့ကြပါတယ်။ ဒီလောက်လွယ်ကူစွာနဲ့ နိုင်ငံစုံက လှူခွင့်ရတုန်းလေး ဆက်စုကြမယ်ဆိုပြီး စုလိုက်ကြတာ  အခုဆိုရင်  ဒေါ်လာ 1million ကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါပြီ” လို့ Click2donate က ပြောပါတယ်။

လေယာဥ်ပစ် လက်နက်ဝယ်ယူဖို့ မျှော်မှန်းထားတဲ့ အစီအစဉ်မှာတော့ အမေရိကန်၊ ကနေဒါ၊ ယူအေအီး၊ ဩစတေးလျ၊ ဂျပန်၊ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းစတဲ့ နိုင်ငံတွေမှာ နေထိုင်ကြသူတွေဆီက အလှူခံနေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီပရောဂျက်ပြီးမြောက်ဖို့ အချိန် ၄ ရက်ကျန်နေသေးတာမို့ ပြည်သူတွေရဲ့ တော်လှန်ရေးအင်အားနဲ့ အရင်က မျှော်မှန်းပမာဏ အမေရိကန်ဒေါ်လာ ၆ သိန်းခွဲရဲ့ ၂ ဆ ဖြစ်တဲ့ ၁ သန်းခွဲထိ ရရှိနိုင်ဖို့ ဆက်လက်ပြီးတော့ ကောက်ခံနေတာလို့ ပန်ဆယ်လိုက ပြောပါတယ်။

“မူရင်း Target USD ၆သိန်းခွဲကနေ 1 Million ဆိုရင်ရော။ နိုး… နိုး… Day 6 မှာ 1 Million ပြည့်သွားပြီဆိုတာလေး ကြေညာပါရစေ။ ဒါဆို မူရင်း Target USD ၆ သိန်းခွဲကနေ 1 Million ပြည့်သွားပြီဆိုတော့ နှစ်ဆကင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ 1.2 Million ဆိုရင်ရော။ ဒီ့ထက်ပိုပြီး အလက်တွေထက် အဖူးတွေအတွက်ပါ ရည်ရွယ်ပြီး 1.5 Million ဆိုရင်ရော။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ မျှော်လင့်ကြည့်ပါမယ်။ ဒီပြည်သူရဲ့ အင်အားကို ယုံကြည်ပြီး ကျွန်မတို့ရဲ့ Target ကို တိုးမြှင့်လိုက်ပါပြီ။ ရရှိလာတဲ့ ထောက်ပို့ငွေတွေကို အဖိတ်အစင်မရှိ ငှက်ကင်ဖို့ ပေးပို့သွားပါမယ်။ အချိန်အတိုင်းအတာတစ်ခုရောက်တာနဲ့ သက်သေသာဓကနဲ့ အားလုံးကို အသိပေးမှာ ဖြစ်ပါတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024