Home
မြန်မာသတင်း
ပေါင်းတည်တွင် ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်ကို PDF တိုက်ခိုက်
DVB
·
April 6, 2022
277752939_160806219739597_653647339715025959_n

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကျေးရွာတရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ထံ ရိက္ခာလာပို့တဲ့ အဖွဲ့ကို ဧပြီ ၅ ရက်မှာ ဒေသခံ PDF တပ်ဖွဲ့က လမ်းကနေစောင့်ပြီး တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက် သေသွားတယ်လို့ ဒေသခံ PDF အဖွဲ့ထံက သိရပါတယ်။

ပေါင်းတည် PDF တပ်ဖွဲ့က တာဝန်ရှိသူတဦးက “သတင်းက ကြိုရထားတာ၊ သူတို့လာဖို့ရှိတယ် ဆိုတာကို နေ့လယ် ၂ နာရီလောက်မှာ ငါးရှဉ့်ကွင်းကျေးရွာအနားက တောထဲကနေစောင့်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ အဲဒီမှာပဲ စစ်ကောင်စီဘက်က တပ်သား ၂ ဦး သေဆုံးခဲ့ပြီး သူတို့ဘက်ကလည်း ပြန်တော့တိုက်ပါသေးတယ်၊ ကျနော်တို့က နေရာကအစ အသေအချာ အသာစီးရနိုင်မယ့် အခြေအနေကနေ တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သားတွေဘက်က ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့က ပေါင်းတည်မြို့နယ်၊ သိမ်းကုန်းအုပ်စု၊ လဲပင်ကျေးရွာနားမှာ ဒေသခံ PDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတခု ဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများတာကြောင့် အဲဒီကိစ္စကို အခဲမကျေဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာ အနီးအနားက ကျေးရွာတွေကို ဝင်ရောက်စစ်ဆေး အနိုင်ကျင့်တာတွေနဲ့ ဒေသခံတွေကို ရွာကနေ မောင်းထုတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် မတ် ၁၅ ရက်နေ့မှာလည်း သိမ်ကုန်းကျေးရွာကို မနက်အစောကြီး ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အိမ် ၁၆ လုံးကျော် မီးလောင်ခဲ့တယ်လို့ သိမ်ကုန်းရွာခံ တယောက်ထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024