မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်းနယ်ကို နယ်မြေရှင်းလင်းရေး ခြေလျင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပကဖ(မတ္တရာ)ဆီက သိရပါတယ်။
ဧပြီ ၃ ရက်နေ့ ညနေ ၄ နာရီခန့်က အင်အား ၃၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို မတ္တရာမြို့နယ် တောင်ကန်အုပ်စု ကင်းကျေးရွာ အရှေ့မြောက်ဘက်ရှိ နဂါးပတ်တောင်အနီးမှာ ပကဖ(မတ္တရာ) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းကို တိုက်ရိုက်ထိမှန်ခဲ့ပြီး အထိအခိုက် အကျအဆုံး များနိုင်တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ကင်းကျေးရွာက ပျူစောထီး ခေါင်းဆောင်ကို အမည်မသိ အဖွဲ့တခုက သုတ်သင်ရှင်းလင်းခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နယ်မြေရှင်းလင်းရေး ရောက်ရှိလာကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၁၀ ဦးလောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။