ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးရွာကနေ မြို့လှရွာဘက် စုန်ဆင်းလာတဲ့ စစ်ကောင်စီရဲ့ လက်နက်ရိက္ခာတင် စက်လှေ ၄ စီးကို ဧပြီ ၃ ရက် မနက် ၆ နာရီခွဲလောက်မှာ မြို့လှ PDF အဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရိက္ခာတင်လှေတွေကို မြို့လှ PDF တပ်က ဘိုကုန်းရွာအနီး မြစ်ကမ်းတနေရာကနေ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁ စီး ရေဝင်နစ်မြုပ်ခဲ့ကာ ထိခိုက်ကျဆုံးတာလည်း ရှိနိုင်တယ်လို့ မြို့ လှ PDFသတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ကမ်းစောင့်တပ်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် မြို့လှ PDF တပ်က အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး နစ်မြုပ်သွားတဲ့ စက်လှေပေါ်ကနေ စစ်ကောင်စီတပ်က ရိက္ခာတွေကို ဆယ်ယူနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
စစ်တပ်ရိက္ခာတင် စက်လှေတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။