မန္တလေးမြို့ အမရပူရမြို့နယ်ရှိ ဦးပိန်တံတားအနီး တောင်သမန်အင်းရေပြင်အတွင်း မတ်လ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်က ရေဆင်းကူးရာကနေ အမျိုးသားတဦး ရေနစ်သေဆုံးမှု ဖြစ်ခဲ့ပါတယ်။
သေဆုံးသူ အမျိုးသားဟာ အမရပူရမြို့နယ်အတွင်း နေထိုင်သူ အသက် ၁၆ နှစ်အရွယ်ဖြစ်ပြီး မြန်မာနိုင်ငံလှုမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က နယ်မြေခံအသင်းတွေနဲ့ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။
“အိမ်ကို ဘောလုံးကန်သွားလိုက်ဦးမယ်ဆိုပြီး ထွက်သွားတာတဲ့။ ရေဆင်းကူးတော့ ရေနစ်ပြီး အလောင်းပဲ ဆယ်လို့ရတယ်” လို့ ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့သူတဦးက ပြောပါတယ်။
မန္တလေးမြို့မှာ နေ့အပူချိန် မြင့်တက်လာတာနဲ့အမျှ မြစ်ချောင်းတွေမှာ အပန်းဖြေ အပူရှောင်သွားရင်း ရေနစ်တဲ့ ဖြစ်စဉ်တွေ ဖြစ်တက်ပါတယ်။
မတ်လ ၁၂ ရက်နဲ့ ၁၆ ရက်နေ့တုန်းကလည်း ဒုဋ္ဌဝတီမြစ်အတွင်း ရေဆင်းကူးရာကနေ ရေနစ် သေဆုံးတာတွေ ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံလှုမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က သိရပါတယ်။
မြန်မာနိုင်ငံလှုမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)အနေနဲ့လည်း ရေပြင် ရေအောက် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုတွေကို လုပ်ဆောင်နေပါတယ်။