Home
မြန်မာသတင်း
စစ်တွေမြို့၌ သတင်းထောက်မိသားစုကို လက်နက်ကိုင်လူတစုက အနိုင်ကျင့်ရမ်းကား
DVB
·
March 29, 2022
407105-7_1-730x365

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် နရဉ္စရာသတင်းဌာနရဲ့ အကြီးတန်းသတင်းထောက် မချစ်အိလှိုင်ရဲ့နေအိမ်ကို မတ်လ ၂၅ ရက်ညမှာ လက်နက်ကိုင်လူတစုက ဝင်ရောက်လာပြီး အနိုင့်ကျင့်ရမ်းကားခဲ့တဲ့ကိစ္စ သက်ဆိုင်မှုမရှိဘူးလို့   ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)က  မတ်လ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အယောက် ၃၀ လောက်ပါတဲ့ လူတစုက သံတုတ်နဲ့ သေနတ်‌တွေကိုင်ကာ  နရဉ္စရာ သတင်းထောက်မချစ်အိလှိုင်ရဲ့ မိသားစုနေအိမ်ထဲကို ဝင်ရောက်ပြီး ကိုယ်ထိလက် ရောက်ရိုက်နှက်စော်ကား အနိုင်ကျင့်ခဲ့တာဖြစ်ပါတယ်။

ဘာကြောင့်ခုလို လုပ်ဆောင်ခဲ့တယ်ဆိုတာတော့ မသိရသေးပါဘး။ အဲ့ဒီလုပ်ရပ်အတွက် ကာယကံရှင်တွေက တရားမျှတမှုလိုလားကြောင်းတောင်းဆိုထားပေမယ့် ဘယ်လက်နက် ကိုင်အဖွဲ့က ကျူးလွန်လည်းဆိုတာကို စုံစမ်းဆဲဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024