မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်း၊ ၈၉ လမ်းနဲ့ လမ်း ၉၀ လမ်းကြားရှိ ဒေးဝန်းအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မတ်လ ၂၇ ရက် ညနေ ၄ နာရီကျော်က လက်လုပ်မိုင်းနဲ့ ပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဒေးဝန်းအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ပေါက်ကွဲမှုကြောင့် အဆောက်အအုံနဲ့ လူထိခိုက်ပျက်စီးတာမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတဦးက “ရပ်ကွက်ရုံးမှာ တပ်စွဲထားတာ ရှိတယ်။ ဗုံးပေါက်ကွဲတော့ ပြန်ပစ်တယ်ထင်တယ်။ သေနတ်သံတွေလည်း ကြားတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မကြားမိဘူး”လို့ ပြေပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေဟာ လမ်းပိတ်ဆို့ပြီး လုံခြုံရေးတင်းကျပ် စစ်ဆေးနေပါတယ်။
ဒါ့အပြင် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ မနက် ၁၁ နာရီကလည်း ချမ်းမြသာစည်မြို့နယ် ဒေါနခြံရပ်ရှိ မိုင်တဲတာဝါတိုင်ဝင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။