Home
မြန်မာသတင်း
မြစ်ကြီးနားတွင် စစ်တပ်ထုတ်ကုန် ဘီယာများကို ကေအိုင်အိုဖျက်ဆီး
DVB
·
March 25, 2022
277096413_3028084764188455_8646722751370551756_n

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်းက စျေးဆိုင်တွေမှာ ရောင်းချနေတဲ့ စစ်တပ်ထုတ်ကုန် ဘီယာတွေကို ကေအိုင်အိုက မတ်လ ၂၅ ရက်က  ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။

ကေအိုင်အိုက စစ်ကောင်စီပိုင်ထုတ်ကုန်တွေဖြစ်တဲ့ ဘီယာတွေကို ရောင်းချ သယ်ဆောင်တာ မပြုလုပ်ဖို့ စာထုတ်ပြန်ပြီးနောက်မှာ ရောင်းချနေတဲ့ စျေးဆိုင်တွေက ဘီယာတွေကို ဆက်တိုက် ဖျက်ဆီးအရေးယူနေတာ ဖြစ်ပါတယ်။

"စစ်တပ်ထုတ်ကုန်တွေကို ရောင်းနေလားဆိုတာကို လတိုင်းပုံမှန် စစ်ဆေးနေတာတွေတော့ ရှိတယ်။ ဒီလက ၂၂ရက်နေ့က စပြီး ဆိုင်တွေကို ပြန်ပြီး လိုက်စစ်ဆေးတာ။ တချို့ခိုးရောင်းနေတော့လည်း မိတာပေါ့။ သတိပေးစာထုတ်ထားတာကိုမှ ဆက်ရောင်းတယ်ဆိုတော့ ဘယ်လိုအရေးယူခံရမလဲတော့ မသိဘူး။ အရင်လတွေက ဒဏ်ငွေဆောင်ခိုင်းတာ။" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားခရိုင်အတွင်း စစ်ကောင်စီရဲ့ ကျောထောက်‌နောက်ခံ အကျိုးတူလုပ်ငန်းဖြစ်တဲ့ ဘီယာတွေကို ဇန်နဝါရီ ၁၀ ရက် နောက်ဆုံးထားပြီး သယ်ယူပို့ဆောင်တာ၊ ရောင်းဝယ်ဖောက်ကားတာ မပြုလုပ်ဖို့ မြစ်ကြီးနားခရိုင် ကေအိုင်အိုက ဇန်နဝါရီ ၄ ရက်နေ့က စာထုတ်ပြန်ခဲ့တာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024